icon-1
ဆိုင်ငွေပေးချေခြင်း : မြန်မာနိုင်ငံတဝှမ်းလုံးရှိ ၆၆၃ ဖုန်းပိုက်ဆံ ဝန်ဆောင်မှု ရရှိသော စတိုးဆိုင်၊ စူပါမားကတ် နှင့် စားသောက်ဆိုင် များတွင် ငွေပေးချေခြင်း နှင့် ကုန်ပစ္စည်း ဝယ်ယူခြင်းဆိုင်ရာ ဝန်ဆောင်မှုများ အသုံးပြုခြင်းအတွက် ၆၆၃ ဖုန်းပိုက်ဆံဖြင့် ငွေပေးချေနိုင်ပါသည်။ ငွေပေးချေနိုင်မည့် နေရာများတွင် ၆၆၃ အမှတ်တံဆိပ်များကို သိသာထင်ရှားစွာ ပြသထားပါသည်။
 
icon-2
ငွေပို့ခြင်း : မိုဘိုင်းဖုန်းမှတဆင့် ၆၆၃ ငွေစာရင်းထဲသို့ ငွေပို့ခြင်းများကိုလည်း လွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်ပါသည်။ မြန်မာနိုင်ငံအတွင်းရှိ မည်သည့်နေရာတွင်မဆို ငွေပို့ခြင်း လုပ်ငန်းများကိုလည်း လုပ်ဆောင်နိုင်ပါသည်။ ၆၆၃ ဝန်ဆောင်မှု သုံးစွဲသူအချင်းချင်း ငွေပို့နိုင်သလို၊ ၆၆၃ ဝန်ဆောင်မှု သုံးစွဲရန် မှတ်ပုံမတင်ထားသူများလည်း ၆၆၃ ကိုယ်စားလှယ်မှ တစ်ဆင့် ငွေပို့နိုင်ပါသည်။ ငွေလက်ခံရရှိသူမှ နီးစပ်ရာ ၆၆၃ ကိုယ်စားလှယ်ထံတွင် ငွေသား ထုတ်ယူနိုင်ပါသည်။
 
icon-4
ဘီလ်ဆောင်ခြင်း : သင်၏ ၆၆၃ ငွေစာရင်း ရှိသော လက်ကိုင်ဖုန်း မှတစ်ဆင့် လွယ်ကူ အဆင်ပြေချောမွေ့စွာဖြင့် အခွန်အခများအား ပေးဆောင်နိုင်ပါသည်။ အမျိုးမျိုးသော အခွန်အခ ပေးဆောင်မှုများအား ၆၆၃ ဖုန်းပိုက်ဆံ မှထပ်မံ၍ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။
 
icon-5
ကိုယ်စားလှယ်ထံ၌ ငွေသားပေးသွင်းခြင်း၊ ငွေသားထုတ်ယူခြင်း : သွားလာရ လွယ်ကူသော သင်နှင့် နီးစပ်ရာ ၆၆၃ ကိုယ်စားလှယ်ထံတွင် သင်၏ ၆၆၃ ငွေစာရင်းသို့ ငွေသား ပေးသွင်းခြင်း နှင့် ငွေထုတ်ခြင်း လုပ်ငန်းစဉ်များကို အချိန်မရွေး ဆောင်ရွက်နိုင်ပါသည်။
 
You are here: Home