mPIN ပြောင်းလဲခြင်း

၆၆၃ ဖုန်းပိုက်ဆံ အသုံးပြုရာတွင် သင်၏ လျှို့ဝှက်နံပါတ် (mPIN) သည် အရေးကြီးသော လုပ်ဆောင်ချက် တစ်ခုတွင် ပါဝင်သည်။ လျှို့ဝှက်နံပါတ် (mPIN) အား သင်တစ်ဦးတည်း သိရှိရန်လိုအပ်ပါသည်။ အခြားမည်သည့် တစ်ဦး တစ်ယောက်ကိုမျှ အသိပေးခြင်း မပြုသင့်သော လျှို့ဝှက်နံပါတ် (mPIN) အား မကြာခဏ ပြောင်းလဲရန် လိုအပ်ပြီး ပြောင်းလဲလိုက်သော လျှို့ဝှက်နံပါတ် (mPIN) အား မှတ်သား၍ ၆၆၃ ဖုန်းပိုက်ဆံ အသုံးပြုမှုတွင် ဆက်လက် သုံးစွဲ နိုင်ပါသည်။ လျှို့ဝှက်နံပါတ် (mPIN) ပြောင်းလဲရာတွင် *663# ကို ခေါ်ဆိုပြီး “ ပင်ပြောင်းခြင်း” ကို ရွေးချယ်၍ ပြောင်းလဲ နိုင်ပါသည်။

ပြုလုပ်ပုံ အဆင့်ဆင့်

၁။ *663# ကို ခေါ်ဆိုပြီး ပင်ပြောင်းခြင်းကို ရွေးပါ။
၂။ မိမိ လျှို့ဝှက်နံပါတ် (mPIN) အဟောင်းအား ရိုက်ထည့်ပါ။ ပြီးနောက် လျှို့ဝှက်နံပါတ် (mPIN) အသစ်ကို ရိုက်ထည့်ပါ။
၃။ အတည်ပြုသည့်အနေဖြင့် လျှို့ဝှက်နံပါတ် (mPIN) အသစ်ကို ထပ်မံ ရိုက်ထည့်ပါ။
၎။ လျှို့ဝှက်နံပါတ် (mPIN) ပြောင်းလဲခြင်း ပြီးမြောက်ကြောင်း ဖော်ပြပါမည်။

mm-mpin-change

You are here: Home အသုံးပြုပုံ mPIN ပြောင်းလဲခြင်း